Friday, November 5, 2010

ကရင်ပြည်နယ်နေ့

ကရင်ပြည်နယ်နေ့

နိုဝင်ဘာလ (၇)ရက်နေ့သည် ကရင်ပြည်နယ် (ကော်သူးလေ)နေ့ဖြစ်သည်။ ကရင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ ၁၉၅၄ ခုဇွန်လ (၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့် ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့များနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း (၄၆၄)ရွာနှင့် လူဦးရေ (၆၀၀၀၀၀) ခြောက်သိန်းခန့်ရှိလေသည်။ ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလ (၂၅)၇က်နေ့တွင် ကျင်းပသော (စုဒ္ဒသမ)၁၄-ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေးအဆိုကို တင်သွင်းရန် သတ်မှတ်ခဲ့လေသည်။
ကရင်ပြည်နယ်နေ့ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁) သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ (၇)ရက်နေ့။
(၂) ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင် မြို့နယ်များကို ပထမအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့် ဇွန်လ-၁ရက်နေ့။
(၃) ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် မြို့နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့်
ဇူလိုင်လ-၁ရက်နေ့။

ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
(၁) ဇွန်လ-၁ရက်နေ့နှင့် ဇူလိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသော မိုးရာသီရက်များ ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂) နိုဝင်ဘာ-၇ ရက်နေ့သည် ရာသီဥသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့် အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃) ထိုနေ့ (နိုဝင်ဘာ-၇)တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်

၁၉၆၄ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း (၁၁.၀၉၁) တစ်သောင်းတစ်ထောင့်ကိုးဆယ်တစ်မိုင် ရှိသည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊ မြောက်ဘက် လတ္တီကျု. ဒီဂရီ
၁၅.၁၅ (ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက် လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက် ရှည်လျားစွာ တည်ရှိနေသည်။ ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊ အရှေ့မြောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏မြစ်လက်တက် သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကျိုက္ခမီခရိုင်တွင်ပါ
ဝင်သော ရေးမြို့နယ်၊ အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို့ နယ်များ၊ သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များ၊ ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊ မုဒုံ၊ ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။ ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊ လှိုင်းဘွဲ(၁၇၆၄)၊ ဘားအံ(၁၀၀၇)၊ ကော့ကရိတ်(၁၉၆၃)၊ ကြာအင်း(၁၂၃၈)၊ သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။

ကရင်ပြည်နယ်၏မြို့တော်သည် "ဘားအံ" မြို့ဖြစ်သည်။

ကရင်ပြည်နယ်အလံ

(၁) အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂) အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တစ်ပုံနေရာတွင် ကြယ်ဖြူတလုံး၊ ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊ အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။
(၃) အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံအငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ၊
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုးစုံဖြစ်ပေသည်။

အဓိပ္ပါယ် အနှစ်သာရ
(၁)အလံ၏ လက်ဝဲဘက် သုံးပုံတစ်ပုံနေရာ တိမ်ထဲမှ ကြယ်ကြီးတစ်လုံးမှာ ပြည်ထောင်စုထဲမှ ပြည်နယ်တစ်ခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။

(၂)အပြာရောင်သဘောမှာ တည်ကြည်၊ နက်နဲ၊ ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။

(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။

(၄) အနီရောင်၏ သဘောမှာမူ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း၊ သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို့ကား ကရင်ပြည်နယ်အလံအကြောင်း ဖြစ်သည်။

(????????*********)

ကရင်ပြည်နယ်တံဆိပ်

(၁) အလယ်တွင် ဖားစည်မျက်နှာပြင်နှင့် သီလ၊ သမာဓိ၊ သစ္စာ အမှတ်အသား စာလုံးများရေးသားထားသည်။
(၂) လက်ျာဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၃) လက်ဝဲဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၄) ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တစ်ခု။
ဤအမှတ်သား၊ ဤစာသား၊ ဤအခြင်းအရာများ ပါရှိသောတံဆိပ်သည် ကရင်ပြည်နယ်တံဆိပ် ဖြစ်သည်။

အဓိပ္ပါယ်အနှစ်သာရ
(၁) တံဆိပ်၏အလယ်မှ ဖားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမူ့ဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမူ့ပစ္စည်းဖြစ်ခြင်း။
(၂) သီလ၊ သမာဓိ၊ သစ္စာ စာလုံးများ၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများသည် အကျင့်သီလ ပြည့်စုံကောင်းမွန်ခြင်း၊ ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊ သစ္စာရှိခြင်းစသော အရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃) တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကို ဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
(၄) တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမှု ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင် ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။

(အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့စာအုပ်မှ ဖော်ပြပါသည်။)


မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြသည်

Sunday, September 19, 2010

The Karen People of Burma

Sunday, August 1, 2010

မာန


ဘ၀၏ ငြိမ်းချမ်းသာယာမှုကို နှောင့်ယှက်ဖျက်ဆီးသည်. ရန်သူကား မာနဖြစ်သည်။ တစ်နည်းပြောရလျှင် ကိုယ့်ကိုစိတ်ကြီးဝင်ခြင်း ၊ ဘ၀င်မြင့်ခြင်း၊ ထောင်လွှားခြင်းဖြစ်သည်။

မာနတက်သူကား မိမိမှာမရှိမဲ့ရှိမဲ့ အရည်အသွေးကို ပကတိအရှိထက် ပိုတွက်သူဖြစ်သည်။ ကိုယ့်မှာရှိတာလေးကို ဟုတ်လှပြီထင်သဖြင့် ဘ၀င်မြင့်သည်၊ ထောင်လွှားသည်။ မာနသမားသည် မိမိကိုယ်ကို လှည့်ဖြား၍ရသော်လည်း သူတစ်ပါးကိုကား လှည့်ဖြား၍မရ။ ထို့ကြောင့် သူတစ်ပါးမျက်စိတွင် အမြင်မတော်ဖြစ်ကာ အမြင်မတော်သူတို့အပေါ် ထားတတ်သည့် သဘောထားများအတိုင်း ဆက်ဆံတုန့်ပြန်ခြင်းခံရသည်။ ထို့ပြင် မိမိကိုယ်ကို အမွန်းတင်ထားသော မာနသမား၌ မိမိကိုယ်ကို လှည့်ဖြားနိုင်သည်ဆိုခြင်းမှာလည်း အချိန်အခိုက်အတန့် တစ်ခုအဖို့သာဖြစ်သည်။ များမကြာမီ မိမိဘာသာမြှင့်တင်ထားသော အထင်အမြင်ကို ရိုက်ချိုးဖျက်ဆီးမည့် လက်တွေ့အနေအထားများနှင့် ကြုံတွေ့ရကာ မာနကျိုးပဲ့ရမည်သာဖြစ်၏။

ကိုယ့်ကိုမာနတက်ခြင်းသည် အမြင်ကျဉ်းမြောင်းခြင်း သဘောထား မပြည့်ဝခြင်းလည်းဖြစ်၏။ သဘောထားပြည့်ဝသူသည် မိမိဘယ်ရွေ့ဘယ်မျှ တတ်နိုင်သည်ကိုသိ၏။ ဘယ်ရွေ့ဘယ်မျှထက်ပို၍ မစွမ်းဆောင်နိုင်သည်ကိုလည်းသိ၏။ ထို့ကြောင့် ချင့်ချင့်ချိန်ချိန် အလုပ်လုပ်၏။ အမူအယာသိမ်မွေ့ကျစ်လျစ်၏။ သူတစ်ပါးနှင့် မိမိအကြား အယူအဆကွဲပြားလျှင် ကျိုးကြောင်းကို တင်ပြနိုင်၏။ မရှိမဲ့မာနကို ထောင်လွှားသူမှာ မာနကိုထိခိုက်တိုင်း မကျေမနပ် မချမ်းမသာဖြစ်ရပါသည်။ ထောင်လွှားစိတ်ကင်းသူမှာ မိမိအောင်နိုင်သော အခြေအနေကောင်းမှာဖြစ်စေ၊ မိမိမစွမ်းသာသော အခြေအနေဆိုးမှာဖြစ်စေ အေးဆေးတည်ငြိမ်စွာ နေနိုင်ပေသည်။

                                                                                                            Anonymous

Tuesday, July 27, 2010

အိမ်မက်ထဲကချစ်မမ


အိမ်မက်ထဲကချစ်မမ
ပျားပန်းခတ်သဖွယ်လူသူတို့သွားလာနေပေမယ့် မြို့ပြညလေးမှာ ရောင်စုံလင်းလက်နေတဲ့လျှပ်စစ်မီးရောင်
အောက်ဝယ် တည်ငြိမ်ရင့်ကျက်လျက် Rockတေးသွားသံစဉ်များလည်း လေထုထဲ ပြန့်လွင့်နေပြီး..
ရှုခင်းမြင်ကွင်းတို့သည်
မမြင်ရတဲ့စုတ်တံနဲ့သာယာတဲ့ညရဲ့ ပန်းချီ ကားလေးကို ဆေးခြယ်နေသလို စည်ကားလှပနေတော့သည်…။
ထိုသာယာတဲ့ညချမ်းလေးထဲမှာ ကျွန်တော်တို့သူငယ်ချင်းလူငယ်တစ်စုသည် ပျော်ရွှင်တက်ကြွတဲ့စိတ်
ဓါတ်လေးတွေနဲ့ ဒီနေ့ညဖျော်ဖြေတင်ဆက်မည့်နာမည်ကြီးပြဇာတ်နှင့်စတိတ်ရှိုးသီချင်းအစီစဉ်တွေကို အား
ပေးကြည့်ရှုရန်Concert ခန်းမထဲသို့ သူ့ထက်ငါတိုးဝှေ့ပြီး ဝင်ရောက်ဖို့ခြေလှမ်းတွေကိုယ်စီသွက်နေကြ
သည်။ခြေလှမ်းသွက်သွက်တို့သည် ရုံအဝင်ဝ လက်မှတ်စစ်ဂိတ်သို့ရောက်ခါမှ ရုံဝင်လက်မှတ်လေး လက်
ထဲမှာမရှိသေးတာမေ့နေကြသည်..။ဘာကြောင့်မေ့နေရလည်းဆိုတော့ ကျွန်တော်တို့အုပ်စုထဲမှာ
တစ်ယောက်ယောက်က အုပ်စုအတွက် ဝယ်ထားပြီးနေပြီလို့ပတ်ပြီးထင်နေကြတာ…။နောက်မှပြန်မေးကြည့်
တော့မဝယ်ရသေးမှန်းသိရတယ်….။ရုံကတော့ဖွင့်နေပြီမို့လက်မှတ်ရှိသူတို့တချို့ဝင်နေကြပြီ…။ကျွန်တော်
တို့လူစုမှာလက်မှတ်ဝယ်ဖို့အရေးကို ဘယ်သူဝယ်နိုးနိုးနဲ့တစ်ဦးနှင့်တစ်ဦးကပ်တွက်ငြင်းခုန်နေကြဆဲ…။
သူတို့အားလုံးရုံထဲကိုသာဝင်ဖို့စိတ်စောနေစဉ် တစ်ယောက်ယောက်က အနစ်နာခံပြီး လက်မှတ်ပြေးဝယ်
ဖို့စိတ်ကူးရှိဟန်မပေါ်ပါ…..ကျွန်တော်မစောင့်နိုင်တော့ပါ အားလုံးတွက်လက်မှတ်ဝယ်ဖို့ အုပ်စုဘေးမှခွါလိုက်သည်။

Thursday, July 22, 2010

အသည်းကွဲနေသော ကောင်မလေးတွေ ဖတ်ရန်

ပုံပြင်အစ

တစ်ခါတုန်းက
ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"
ဟုမေးလိုက်လေ၏ ။နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။
ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....
"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."
ဟုပြောပြီးခေါင်းခါနေပြန်၏ ။ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...
"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"
ဟုထပ်မေးပြန်၏ ။"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"
ဘုရားသခင်က ဆက်ပြောပြန်၏ ။"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "
"..........."
"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။
"နူးညံ့လွန်းလှချည်လား
"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"
"သူမကတွေးတတ်လား"
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"
"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"
"ဘာအတွက်လဲ"
"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။
"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်"
ဟုဆိုလိုက်သည် ။ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။
"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"
"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်"
"အဲ့ဒီလောက်တောင်ပဲလား"
"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် "
"အို"
"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"
"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။
"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်"
"............"
"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်"
"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"
"ဘာချို့ ယွင်းချက်လဲ"
"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"
"ဟင်"
"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။

ပုံပြင်အဆုံး


ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း .... .

ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ၀တ္ထုစာအုပ်လေးက sample အဖြစ်ထုတ်ထားတာမို့ လို့ တော်တော်တော့ ရှာဝယ်ရမှာပါ ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။ လူနေရဲ့ ပရိသတ်တွေ သိပြီးသားနေမှာပါ ။ လူနေ ရဲ့ စာအရေးအသားကို ။ ဘယ်လို အကြောင်းအရာလေးလဲဆိုတော့ အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမှန်ပြန်ရောက်အောင် ကောင်လေးတစ်ယောက်က ဘယ်လို ပို့ ပေးလိုက်တယ်ဆိုတဲ့ အကြောင်းလေးကို ... လူငယ်အကြိုက် ..ရေးဖွဲ့ ထားထာ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့် အပြေးကလေး ၀ယ်ပြီး ဖတ်ရှုလိုက်ကြပါဦးလို့ သတင်းကောင်းပါးလိုက်ပါတယ် ။

Friday, July 16, 2010

MENTAL HEALTH

1. What is MENTAL HEALTH?
2. How is it related to general health?
According to the World Health Organization, ‘health is not merely the absence of disease’. It is ‘a state of complete physical, mental and social well-being’. This means that mental health is an integral part of general health.


Mental Health can be conceptualized as a state of well-being in which the individual realizes his or her own abilities, can cope with the normal stresses of life, can work productively and fruitfully, and is able to make a contribution to his or her community.

Ill health or disease in any one or a combination of the four states of health. (i.e. Psychological, Social and Spiritual) can affect normal functioning of person in team of:
• Self-care , e.g. personal hygiene, food intake
• Work, Study… e.g.
• Developing and maintaining relationship with people…. e.g.

Conversely, well-being in the four states of health leads to ability to take care of self, capacity for effective and productive work or study and ability to develop and maintain healthy relationship with people.

Mental health too is not just the absence of mental disorder. It is also about mental wellbeing and the ability to take care of self, to work productively, to cope with normal stress of life, to develop and maintain healthy relationships with people, and to demonstrate healthy and positive behaviors.




Monday, July 12, 2010

ကျန်းမာရေးအကြောင်းသိကောင်းစရာ

ကျန်းမာရေးအကြောင်းသိကောင်းစရာ

(၁) ကျန်းမာခြင်း (အဓိပ္ပာယ်ဖွင့်ဆိုချက်)
ကိုယ်ခန္ဓာရောဂါ ကင်းရှင်းရုံမက စိတ်ကျန်းမာရမည့်အပြင် လူမှုရေးကဏ္ဍတွင်လည်း ပြည့်စုံစွာပါဝင်နိုင်ခြင်း။

(၂) စိတ်ကျန်းမာခြင်း (ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ စိတ်ကျန်းမာမှု ကျွမ်းကျင်မှုကော်မတီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်-
(က) အကြင်သူသည် မိမိပတ်ဝန်းကျင်ရှိ အကျိုးပြုလုပ်ငန်းများကို ပါဝင်ဆောင်ရွက်နိုင်ခြင်း။
(ခ) မိမိ၏အတွင်းရှိ ပဋိပက္ခဆန္ဒများကို ညီညွတ်မှုရရှိသည့်တိုင်အောင် ကျေနပ်စွာထိန်းသိမ်းနိုင်သော အရည်အချင်းရှိခြင်း။

(၃) စိတ်ကျန်းမာမှုဆိုင်ရာအင်္ဂါရပ်မျာ
(က) ကဏ္ဍစုံတွင်ပါဝင်နိုင်ခြင်း
(ခ) သက်တောင့်သက်သာရှိ၍ ကြောက်ရွံမှု၊ ဒေါသဖြစ်မှု၊ ချစ်ခင်မှု၊ မနာလိုဝန်တိုမှု၊ စိုးရိမ်မှုစသော စိတ်ခံစားမှုတို့၏ နှိပ်စက်ခြင်းဒဏ်ကိုမခံရခြင်း။
(ဂ) မိမိကိုယ်ကို အထင်မသေးသကဲ့သို့ အထင်လည်းမကြီးကြသည့်အပြင် မိမိမပျော့ကွက် ဟာကွက်များကိုလည်း ကောင်းစွာလက်ခံနိုင်ခြင်း။
(ဃ) နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် စိတ်ကျေနပ်မှုရှိ၍ သက်တောင့်သက်သာလုပ်နိုင်ကာ သည်းခံနိုင်စွမ်းစိတ်ရှိသည့်အြ
ပင် မိမိ၏မှားကွက်များကိုပင် ပြန်၍လှောင်ပြုံးပြုံးနိုင်ခြင်း။
(င) ချစ်ခင်ကြင်နာသောစိတ်ရှိသကဲ့သို့ အခြားသူများ၏ ချစ်ခင်ကြင်နာမှုကိုလည်း လက်ခံနိုင်ခြင်း။
(စ) လူလူချင်းဆက်ဆံရာတွင် ကျေနပ်မှု၊ နှစ်သိမ့်မှုရှိ၍ ရေရှည်ဆက်ဆံနိုင်ခြင်း။
(ဆ) အခြားသူများနှင့် မိမိ၏ မတူညီသောအယူအဆများကို ကောင်းစွာလေးစား၍ အခြားသူများအပေါ် ထောက်ထားညှာတာစိတ်ရှိရုံမက မိမိသည်သူများအတွက်ပါ တာဝန်ရှိကြောင်း ကောင်းစွာသိခြင်း။
(ဇ) နေ့စဉ်ကြုံတွေ့နေရသော ကိစ္စအ၀၀ကို ရင်ဆိုင်နိုင်စွမ်းရှိ၍ ဆောင်ရွက်သမျှ  လုပ်ငန်းအားလုံးတွင် စိတ်ရောကိုယ်ပါ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်လေ့ရှိခြင်း။
(ဈ) ဖြစ်နိုင်သော ရည်မှန်းချက်ပန်းတိုင် ထားတတ်ကာ မိမိပတ်ဝန်းကျင်အား ကောင်းမွန်တိုးတက်ရန် အခွင့်သာတိုင်း လုပ်လေ့ရှိ၍ လိုအပ်ပါက လိုက်လျှောက်ရန် ၀န်မလေးခြင်း။
(ည) ကိုယ်ပိုင်ဆုံးဖြတ်နိုင်သော အရည်အချင်းရှိ၍ ပေးအပ်သောတာဝန်ကိုယူရန် လက်မနှေး၊ အခြားသူများ၏ အတွေ့အကြုံ အကြံဉာဏ်များကို လှိုက်လှဲစွာ လက်ခံကြိုဆို၍ ပေါ်ပေါက်လာသော ပြဿနာများကို လိုအပ်သလို အသုံးပြုတတ်ခြင်း။

(၄) စိတ်ရောဂါနှင့်ကျန်းမာရေး
(က) ကမ္ဘာအရပ်ရပ်စိတ်ရောဂါဖြစ်ပွားမှု
လူမျိုးဘာသာ၊ အသားအရောင်၊ အရွယ်မရွေး ကမ္ဘာသားတို့၏ (၅) ပိုင်း (၂) ပိုင်း စိတ်ရောဂါဖြစ်ပွားခြင်း (သို့) စိတ်ရောဂါကြောင့် မသန်စွမ်းဘ၀သို့ ရောက်နေကြသည်။ သန်းပေါင်း (၁၂) မျှသော ကမ္ဘာသူကမ္ဘာသားတို့သည် စိတ်ရောဂါစစ်စစ်ကိုသော်လည်းကောင်း၊ မူးယစ်ဆေးဝါးရောဂါကိုသော်လည်းကောင်း၊ ဉာဏ်ရည်နှိမ့်ကျသောရောဂါကိုသော်လည်းကောင်း ၊ဦးနှောက်ပျကယိုယွင်းစီး၍ ဖြစ်ပေါ်သော စိတ်ရောဂါများကိုသော်လည်းကောင်း ခံစားနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဆိုထားသည်။ အထွေထွေရောဂါကုဆေးရုံများ၊ ပြင်ပလူနာဌာနများ၊ ဆေးပေးခန်းများသို့ လာရောက်ပြသကုသခံနေကြသော လူနာများထဲမှ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းသော လူနာတို့သည် စိတ်ရောဂါတစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရသည်ကို ခိုင်လုံသောသုတေသနများမှ သိရပေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၁၉၇၆ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ထင်ရှားစွာတင်ပြထားသည်။